ပင်လည်ဘူးမြို့၌ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ပင်လည်ဘူး ၃၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၂၉ ရက် ညနေ ၄ နာရီက မြို့နယ်ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။