မြိတ် ၃ မတ်
တပေါင်းလပြည့်နေ့၊ တောင်သူလယ်သမားနေ့နှင့် စနေ၊ တနင်္ဂနွေနေ့များသည် အစိုးရရုံးပိတ်ရက် ကာလများဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ကျွန်းအပန်းဖြေ ခရီးသွားမည့်သူများ လေယာဉ်၊ ကားကြီး ကားငယ်များဖြင့် မြိတ်မြို့သို့ လာရောက်ကြရာ ပုံမှန်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။