အောက်တိုဘာ ၃၀

ပါကစ္စတန်နိုင်ငံရှိ သန်းချီရှိသောကလေးများအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေး လှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ယခုပြုလုပ်သော ကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ပြုလုပ်သော ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုဖြစ်ပြီး ပိုလီယိုရောဂါဖြစ်ပွားမှု မြင့်မား လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိ ပိုလီယိုရောဂါဖြစ်ပွားသူ ၄၁ ဦး ရှိသည်ဟု ထပ်လောင်းဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် ပိုလီယိုရောဂါ ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို