မန္တလေး ၂၄ ဇူလိုင်

ကျိုင်းကောင် အန္တရာယ်မှကာကွယ်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိခရိုင်မြို့နယ်များက ဝန်ထမ်းများနှင့် တောင်သူများကို ကြိုတင်အသိပေးနှိုးဆော်စာများနှင့်နည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေထားကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းကပြောသည်။