၂၄ ဇူလိုင်

 

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများလာချိန်မှာ ကျောင်းတွေကို တနင်္လာနေ့ (ဇူလိုင်၂၇ ရက်) နေ့ကစပြီး တစ်လတိတိ ပိတ်လိုက်ကြောင်း သမ္မတက ကြေညာလိုက်ပါတယ်။ တောင်အာဖရိက နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၄၀၈,ဝ၅၂ ဦးရှိသွားတဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဟာလည်း ၆,ဝ၀ဝ ကျော်နေကြောင်း သိရပါတယ်။