ကမ်းနီးရေပြင်အတွင်း တရားမဝင် ငါးဖမ်းဆီးခြင်းများကို  စစ်ဆေးနိုင်ရန်အတွက် ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်း စီမံကိန်းမှ  Speed Boat (၂)စီးထောက်ပံ့

မြိတ်   ၁၈  ဇူလိုင်    

ကမ်းရိုးတန်းကမ်းနီးရေပြင်တွင် တရားမဝင်ငါးဖမ်းဖမ်းဆီးခြင်းများကို စစ်ဆေး ဆောင်ရွက်နိုင်ရန် အတွက် ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်း စီမံကိန်းအစီအစဉ်ဖြင့် ထောက်ပံ့သည့်  Speed Boat()စီးကို မြိတ်မြို့ရှိ ပင်လယ်ရေမှော်စိုက်ပျိုးရေး MSC Co.,Ltd ကုမ္ပဏီရုံး၌ ဇူလိုင် ၁၆ ရက်က ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့မှ လက်ခံရယူခဲ့သည်။

 “ရေရှည်တည်တံ့တဲ့ ကမ်းရိုးတန်းငါးလုပ်ငန်းအစီအစဉ်နဲ့ ကမ်းနီးရေပြင်အတွင်းမှာ တရားမဝင် ငါးဖမ်း ဆီးတာကို  ကင်းလှည့်စစ်ဆေးဖို့ Speed Boat ()စီး ထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ ကမ်းရိုးတန်း ကမ်းနီး ငါးလုပ်ငန်းရေပြင်အတွင်းမှာ တရားမဝင်ငါးဖမ်းဆီးတဲ့လှေတွေကို ကင်းလှည့်စစ်ဆေးဖို့ဖြစ်ပါတယ်။ ကင်းလှည့် စစ်ဆေးတဲ့နေရာမှာ အဖွဲ့စုံနဲ့ အခါအားလျော်စွာ ကွင်းဆင်းပြီးတော့ တရားမဝင်ငါးဖမ်းလှေတွေ တားမြစ်ဧရိယာ ဖြစ်တဲ့ ကက္ကူရံ ထိန်းသိမ်းနယ်မြေမှာ ဖမ်းဆီးတဲ့ တရားမဝင်လှေတွေကို ကင်းလှည့်စစ်ဆေးဆောင်ရွက် သွားမှာဖြစ်ပါတယ်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းနောင်ဦး က ပြောသည်။

ရေရှည်ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ သည့် Speed Boat ()စီး လွှဲပြောင်းလက်ခံရာတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့သည့် Speed Boat ()စီးကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတ

121

န်းငါးလုပ်ငန်းစီမံကိန်းမှ ငါးလုပ်ငန်း ဦးစီးဌာနသို့ အလျား (၁၀ ဒသမ ၅၄) မီတာ အနံ ( ဒသမ )မီတာ၊ (၁၅)ယောက်စီး အရွယ်အစားရှိ  Speed Boat ()စီးကို လက်မှတ်ရေးထိုး လွှဲပြောင်းလက်ခံ ခဲ့ကြသည်။

ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်း စီမံကိန်းကို (၂၀၁၆)မှ(၂၀၂၀)အထိ ရခိုင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ ရေရှည်ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ထောက်ပံ့ပေးသည့် ကင်းလှည့် ရေယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ပါက တရားမဝင်ငါးဖမ်းလှေပပျောက်ပြီး ရေရှည်ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )