ကျောက်ဆည် ၂၅   မေ

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် အခြေခံပညာ အလယ်တန်းကျောင်း (အထကခွဲ) (၂၂)ကျောင်း၊ အခြေခံပညာ အ.မ.က မူလွန်ကျောင်း (အလကခွဲ) (၁၆၂)ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း (၁၆)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၀ဝ)မှ မူလတန်းအဆင့် ကျောင်းသား/သူများအား ဗလာစာအုပ်များ အခမဲ့ ဖြန့်ဝေနိုင်ရေးအတွက် မေလ(၂၅)ရက် နံနက် ၉ နာရီက စာအုပ် (၁၉၈၀၂)ဒါဇင်ကို စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျောင်းပေါင်း (၂၀ဝ)အတွက် ကျောင်းသုံးဗလာစာအုပ်များကို၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးအတွက် အ.ထ.ကခွဲ ကျောင်းများအတွက် တာဝန်ခံ(၁)ဦး၊ အလကခွဲကျောင်းများအတွက် တာဝန်ခံ (၁၇)ဦးနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများအတွက် ရေဦးဘုန်းတော်ကြီး ပညာသင်ကြောင်းမှ တာဝန်ခံ ဦးထူးထူးတို့အား စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ကျောင်းသုံး ဗလာစာအုပ်များကို ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများအား စာသင်ကြားရာတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသားတစ်ဦးလျှင် တစ်ဒါဇင်နှုန်းဖြင့် ထုတ်ပေးခြင်းဖြစ်ပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူများအားလုံးကို မေလအတွင်း ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

တင်တင်ထွေး(ပြန်/ဆက်)