ဝက်လက် ၂၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရန် နှင့် မိမိဒေရှိ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ အချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် ဝက်လက်မြို့ မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်း၊သီးနှံများ စိုက်ပျိုးပေးခြင်း နှင့် ရိတ်သိမ်းခြွေလှေ့ လုပ်ငန်းများ တောင်သူအကျိုးပြု ဆောင်ရွက်ပေးလျှက် ရှိသည့် အပြင် လုပ်သား ရှားပါသော ပြဿနာကို ဖြေရှင်နိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန အစီစဉ်ဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား ဒေါင်းဖန်း လက်တွန်းထွန်စက် (၅၇) စီးကို အရစ်ကျစနစ်ဖြင့် ယခုဘဏ္ဍာရေး နှစ်အတွင်း ရောင်းချပေးနိုင်ခဲ့သည်။
ဝက်လက်မြို့နယ် စက်မှု လယ်ယာစခန်းသည် မြို့နယ်အတွင်း စနစ်ကျ လယ်ယာမြေ ဖော်ဆောင်ခြင်း လုပ်ငန်းများ အနေဖြင့် ယခင်မိုးစပါး စိုက်ပျိုးရာသီ ကာလတွင်၊ ရွာတော်ကုန်းကျေးရွာတွင် (၃၁၅) ဧက၊တပ်ရွာ ကျေးရွာတွင် ဧက(၂၀ဝ) စုစုပေါင်း လယ်ယာမြေ (၅၁၅) ဧက ကိုလယ်ယာမြေ အဆင့်မြင့် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခုမိုးစပါး စိုက်ပျိုးရာသီတွင် လယ်ယာမြေ ပြုပြင်ခြင်းလုပ်ငန်းနှင့် ကောက်စိုက် စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု အသင်းနှင့် ပူးပေါင်း ၍ ( ၇၀ဝ) ဧက ခန့် ဆောင်ရွက်ရန် အတွက် ထွန်စက်ကြီး (၁၅) စီး နှင့် ကောက်စိုက်စက် (၁၀) စီးကို စီစဉ် ဆောင်ရွက်ထားရှိကြောင်း ဝက်လက်မြို့စက်မှုလယ်ယာဦးစီးဌာန မှ မြို့နယ်ဦးစီးမှုး ဦးငွေဇော်စိုး ၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)


