ကျိုက်မရော ၂၂ မေ     

 

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သော ကျိုက်မရော -မုဒုံသွား ကားလမ်းမပေါ်ရှိ သံကူကွန်ကရစ် ပေ ၄၀ တံတားအား ဆောက်လုပ်ရေး ဦးစီးဌာန (လမ်းတံတား)မှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုချိန်တွင်တံတားပြီးစီးမှုမှာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တံတားအား ကိုဗစ်- ၁၉ ရောဂါ ကာလအတွင်း  ခေတ္တရပ်နားထားခဲ့ရာ  မေလ ၅ ရက်မှ စတင်ကာလုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီး အဆိုပါ တံတားအသစ်ကို လာမည့်ဇွန်လ ပထမအပတ်တွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ စတင်ဖြတ်သန်းမောင်းနှင်နိုင်ရန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ ဦးကျော်ကျော်ထံမှ သိရသည်။

 

ချိုချို (ပြန်/ဆက်)