ရွှေသောင်ယံ ၂၂ မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူများ အပြင်ထွက်သွားလာသည့်အခါ Mask များ တပ်ဆင်ပြီး သွားလာကြရန် ပညာပေးနှိုးဆော်သည့် ကာလပြီးဆုံးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ လှည့်လည်ကာ Mask များ တပ်ဆင်သွားလာကြရန် နှိုးဆော်ထားမှုများအပေါ် စည်းကမ်းလိုက်နာမှုများ ရှိမရှိစစ်ဆေးမှုများကို လိုက်လံပြုလုပ်ခဲ့ကြရာ စည်းကမ်းမလိုက်နာသူ(၁၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း Mask သုံးခုလျှင်(၃၀ဝဝ)ကျပ်ဖြင့် ခုဝယ်ခုတပ်စေခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်များတွင်လည်းကောင်း၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင်လည်းကောင်း ပထမဦးဆုံးအကြိမ်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

 

ကိုကိုမောင် (ပြန်/ဆက်)