တရုတ်နိုင်ငံနယ်စပ်ဂိတ်များ အဝင်/အထွက်တင်းကျပ်မှုကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်၌ ကုန်တင်ယာဉ်များ စုပြုံနေ

မူဆယ် ၂၁ မေ

တရုတ်နိုင်ငံနယ်စပ်ဂိတ်များ အဝင်/အထွက် တင်းကျပ်မှုကြောင့် မြန်မာဘက်မှ တရုတ်သို့ ဝင်မည့်ပို့ကုန်ကားများ မန်ဝိန်းဂိတ်ပေါက်မှ မူဆယ်မြို့ရှောင်လမ်း၊ တိုးဂိတ်၊ နမ့်ခွမ် ကျေးရွာ၊ အောက်တုန်ခန်၊ ကျင်စန်းကျော့ ကျောက်တိုင်၊ အထက်တုန်ခန်၊ ပြည်ထောင်စု လမ်းမကြီးပေါ်၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် အနီးနှင့် ကုန်ပစ္စည်းစစ်ဆေးရေးကွင်းအတွင်း နှစ်နိုင်ငံဘက်မှ ကုန်တင်ယာဉ်များ စုပြုံနေ ကြောင်း သိရသည်။

နှစ်နိုင်ငံဘက်မှ ပို့ကုန်သွင်းကုန်ကားများအနေဖြင့် မန်ဝိန်းဂိတ်ပေါက်နှင့် ကျင်စန်း ကျော့ဂိတ်ပေါက်များမှ အဓိက ဝင်/ထွက် သွားလာနေခြင်းဖြစ်ပြီး မန်ဝိန်းဂိတ်ပေါက် တွင် ပို့ကုန်သွင်းကုန်ယာဉ်ကြီးများ၊ အခြား မော်တော်ယာဉ်များနှင့် သုံးဘီးဆိုင်ကယ်များ ပါ ဝင်/ထွက်သွားလာနေသည့်အတွက် ယာဉ် ကြောပိတ်ဆို့မှုပြဿနာများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထဲသို့ မြန်မာဘက်မှ ပို့ကုန်အဖြစ် ကျွဲ၊ နွား၊ ဆိတ်၊ သဘာဝဓာတ်ငွေ့၊ ဆန်၊ ပဲအမျိုးမျိုး၊ နှမ်း အမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီ၊ နနွင်းတက်၊ လယ်ယာထွက်ကုန်ပစ္စည်းအမျိုးမျိုး၊ ရေထွက် ကုန်ပစ္စည်းအမျိုးမျိုး၊ ကျောက်မျက်ချော၊ ဖရဲသခွား၊ သရက် စသည့်ကုန်ပစ္စည်းများ တရုတ်နိုင်ငံဘက်သို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ယခုနောက်ပိုင်း ကြံများကိုလည်း တရားဝင် တင်ပို့လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ သွင်းကုန်အဖြစ် မြေဆီ၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ သံထည် ပစ္စည်းများ၊ ကော်နှင့်ပတ်သက်သည့်ပစ္စည်း များ၊ ယာဉ်ယန္တရား၊ ဆောက်လုပ်ရေးသုံးပစ္စည်း များ၊ စက်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များ၊ ကလေးကစားစရာအရုပ်များ၊ လယ်ယာသုံး ပစ္စည်းများ၊ မြေဆီ၊ တရုတ်နိုင်ငံဒေသအသီးသီးမှထွက်ရှိသော ပန်သီး၊ လိမ္မော်သီးနှင့် အခြား သီးနှံအမျိုးမျိုး၊ ကျန်းမာရေး အသုံး အဆောင်ပစ္စည်းများ စသည့်ကုန်ပစ္စည်းများ မြန်မာနိုင်ငံဘက်သို့ နှစ်စဉ်တင်သွင်းလျက် ရှိသည်။

နှစ်နိုင်ငံဘက်မှ ကုန်တင်ယာဉ်များသည် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ကုန်ပစ္စည်း၊ စစ်ဆေးရေးကွင်းတွင် ယာဉ်ပေါ်ပါကုန် ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူ များ၏ ဖွင့်ဖောက်စစ်ဆေးမှုကို ခံယူပြီးမှသာ ဂျူတီဆောင်ခွင့်ရရှိပြီး သွင်းကုန်ကားများ အနေနှင့် ကုန်သွယ်ရေးဇုန်ထဲမှ ထွက်ခွာသွား ပြီး မန္တလေးဘက်မှတစ်ဆင့် မြန်မာပြည်ဒေသ အသီးသီးသို့လည်းကောင်း၊ အလားတူ ပို့ကုန် ကားများလည်း ကုန်သွယ်ရေးဇုန်မှ ထွက်ခွာ သွားပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ် နိုင်ငံ ကျယ်ဂေါင်၊ ရွှေလီဘက်သို့လည်းကောင်း ဆက်လက်ထွက်ခွာကြသည်။

လက်ရှိကာလ၌ ကိုဗစ် - ၁၉ ကြောင့် တရုတ်နိုင်ငံထဲ၌ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ နယ်စပ်အဝင်/ အထွက် ဂိတ်ပေါက်များကို တင်းကျပ်စွာ လုပ်ကိုင် ဆောင်ရွက်နေသည့်အပြင် မြန်မာဘက်မှ ကုန်တင်ကား၊ ယာဉ်မောင်းများကို ပေးမဝင် ဘဲ တရုတ်ဘက် ယာဉ်မောင်းနှင့် အချိန်း အပြောင်းလုပ်ပြီး တရုတ်ပြည်ထဲကို မောင်းခွင့် ပေးထားသည့်အတွက် ယခုနောက်ပိုင်း နယ်စပ်ဂိတ်များတွင် မြန်မာဘက်မှ ကုန်တင် ကားဆရာများ ရက်ရှည်စောင့်ဆိုင်းနေရမှု ကြောင့် အခက်အခဲများရှိသကဲ့သို့ ကုန်သည် ပွဲစား၊ ကုမ္ပဏီပိုင်ရှင်၊ ပွဲရုံပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။

(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် လက်တွေ့အနေအထားအရ ပို့ကုန်ကားအစီး ရေ၊ သစ်သီးကားများ အပါအဝင်အစီးရေ ၁၀၀၀ ကျော်ဝင်ရောက်ခဲ့ကာ သွင်းကုန်ကား အစီးရေ ၂၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ယခု ရက်ပိုင်း ပို့ကုန်သွင်းကုန်ကားဝင်ရောက်မှု နှစ်ခုပေါင်း ၁၃၀၀ ကျော် ဝင်ရောက်မှုရှိပြီး အဆိုပါ ပို့ကုန်/ သွင်းကုန်ကားများအနေဖြင့် ကုန်ပစ္စည်း စစ်ဆေးရေးကွင်းအတွင်း ဂျုတီ ဆောင်ပြီးသော်လည်း နယ်စပ်ဂိတ်အဝင်/အထွက်အခက်အခဲကြောင့် ကုန်သွယ်ရေး ဇုန်တာဝန်ရှိသူများက ထိန်းပြီးလွှတ်ပေးနေရ ကြောင်း မန်ဝိန်းဂိတ်မှ မူဆယ်ကြားပို့ကုန်ကား အစီးရေ ၄၀၀ ကျော်၊ ကျင်စန်းကျော့လမ်း‌ပေါ် တွင် ကားအစီးရေ ၂၀၀ ကျော် နေ့စဉ်လိုလို အချိန်ကြာမြင့်စွာ ရပ်စောင့်နေရကြောင်း သိရ သည်။ သန့်ဇင်(မူဆယ်)