ရန်ကုန် ၆ မေ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း နှစ်စဉ်နွေရာသီကာလ၌ သောက်သုံးရေကန်များ ခန်းခြောက်ကာ ရေရှားပါးမှုကြုံတွေ့လျက်ရှိပြီး ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သောက်သုံးရေဂါလန် စုစုပေါင်း(၂၂၀ဝ၀)ကို မြို့ပေါ်ရှိ ရေရှားပါးသော ရပ်ကွက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့်၊ အရာရှိများနှင့် တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်း၊ မြို့နယ်ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ခံအင်ဂျင်နီယာ ဦးတိုးတိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိသော ကျန်စစ်သားရပ်ကွက်၌ သောက်သုံးရေဂါလန် (၆၂၀ဝ)၊ ညောင်ကုန်းရပ်ကွက်၌ သောက်သုံးရေဂါလန်(၃၂၀ဝ)၊ ရာဇသင်္ကြန်ရပ်ကွက်၌ သောက်သုံးရေဂါလန်(၃၀ဝ၀)၊ ဗညားဒလရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ သောက်သုံးရေ ဂါလန်(၉၀ဝ)၊ ဆာပါချောင်းကျောင်စုရပ်ကွက်၌ သောက်သုံးရေဂါလန် (၂၅၀ဝ)၊ အံ့ကြီးအနောက်ရပ်ကွက်၌ သောက်သုံးရေဂါလန်(၂၄၀ဝ)၊ ကမာကသွယ်ရပ်ကွက်ရှိ မဟာသုမနာရာမဘုန်းတော်ကြီးကျောင်းတိုက်၌ သောက်သုံးရေဂါလန်(၁၀ဝ၀)၊ သပြေကုန်းကျေးရွာ၌ သောက်သုံးရေဂါလန်(၂၈၀ဝ)၊ စုစုပေါင်း သောက်သုံးရေဂါလန် (၂၂၀ဝ၀)ကို ဒေသခံပြည်သူများထံ အသီးသီးဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


