ပခုက္ကူ ၁ မေ
ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် ဆေးရုံ သုံးပစ္စည်းများကို မေ ၁ ရက် မွန်းလွဲ ၂ နာရီက ပေးအပ်လှူဒါန်းသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် ဆေးရုံသုံးပစ္စည်းများကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း (ရန်ကုန်) ကိုယ်စား ပခုက္ကူမြို့၊ ရတနာဝင်းပဲ၊ နှမ်းပွဲရုံမှ ဦးတင်ဝင်း က Medical Protective Clothing (PPE) ဝတ်စုံ ၆၀ စုံ၊ Medical Protective Mask (N95) ၂၀ ခု၊ Medical Surgical Disposable Mask ၁၂၀ ခု၊ Infrared Thermometer ၁ ခု၊ Medical Disposable Mask ၁၀၀ခု၊ Medical Safety Glasses (Soft) ၃၅ ခု၊ Medical Boots ၁၆ စုံ၊ Hand Sanitizers ၁၀ ဘူး၊ ကုလားပဲ (အခြမ်း) တစ်ကီလိုအိတ် (၁၅) ထုတ်၊ ပဲစဉ်းငုံ (အခြမ်း) တစ်ကီလိုအိတ် (၁၅) ထုတ် တို့ကိုလည်းကောင်း၊ Paing Family International Company.Ltd (ရန်ကုန်) ကိုယ်စား ပခုက္ကူမြို့၊ ရတနာဝင်းပွဲရုံမှ ဦးထွန်းထွန်းအောင်က PPE ဝတ်စုံ (၂၀) စုံ၊ မျက်မှန် (၂၀) ခု၊ ခေါင်းစွတ် (၂၀) ခု၊ ခြေစွတ် (၁၀)စုံ၊ FFP2 (KN95) (၃၀) ခု၊ လက်အိတ် (၅၀၀) ခု၊ Mask (၅၀၀) ခု၊ Hand Gel နှစ်ဘူးတို့ကို လည်းကောင်း၊ ဆင်းရဲနွမ်းပါးသည့် ကျောက်ကပ်ဝေဒနာရှင်များအတွက် ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်၊ သီရိမာလာလမ်းနေ ဦးတင်ငွေ (ဇနီး) ဒေါ်စန်းစန်းမြင့် (နေဝင်းဆီစက်) မှ အလှူငွေ ကျပ်သုံးသိန်းကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လက်ခံရယူသည်။
ထို့နောက် ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက အလှူရှင်များအား ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။
ဆလိုင်းကိုကီး


