၂၃ ဧပြီ
မော်ရိုကိုနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၃၇ ဦးရှိပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၃၄၄၆ ဦးရှိလာကြောင်း မော်ရိုကို ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၄၉ ဦး ရှိပြီး ၄၁၇ ဦး ပြန်လည်ကောင်းမွန်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက က ဆိုသည်။
ကာဆာဘလန်ကာမြို့တွင် ကူးစက်မှု အများဆုံးဖြစ်ပွားခဲ့ရာ ကူးစက်ခံရသူ ၉၁၇ ဦး ရှိပြီး မာရာကတ်မြို့တွင် ကူးစက်ခံရသူ ၇၄၂ ဦး ရှိသည်။
ဧပြီ ၁၈ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရေး စီမံချက်များ အားကောင်းစေရန် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေကို မေလ ၂၀ ရက်နေ့အထိ တိုးမြှင့်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို