ဥဒါန ဗုဒ္ဓမြတ်စွာ၏ ဥဒါန်းစကားများ စာအုပ်ထွက်ရှိ

စာရေးသူ ဒေါက်တာအရှင်သူရိယ Ph.D(Philosophy) စီစဉ်ရေးသား သည့် ဥဒါန ဗုဒ္ဓမြတ်စွာ၏ ဥဒါန်းစကားများစာအုပ် ထွက်ရှိလာသည်။

 

အဆိုပါစာအုပ်တွင် ဥဒါနဟူသောပုဒ်သည် နှုတ်မှထုတ်ဖော် ကျူးရင့်သောစကားဟု အဓိပ္ပာယ်ရသည်။ ဤကျမ်းတစ်စောင်လုံးရှိ အဆိုအမိန့်များမှာ အကြောင်းအားလျော်စွာ ကျူးရင့်အပ်သော ဗုဒ္ဓ မြတ်စွာ၏ နှုတ်ထွက်စကားများ ဖြစ်သည်။ ဥဒါနကျမ်း၌ ဝဂ်အားဖြင့် (၈) ပိုင်းခွဲလျက် ဖော်ပြထားသော ဥဒါန်းစကားပေါင်း (၈၀) ပါဝင်သည်။

 

စာအုပ်ကို မြတ်မျိုးမြန်မာစာပေ၊ အမှတ်(၂-ခ)၊ တရုတ်ကျောင်းလမ်း၊ သံတံတားရပ်ကွက်၊ စမ်းချောင်းမြို့နယ် ရန်ကုန်မှ တန်ဖိုးငွေကျပ် ၁၀ဝ၀ဖြင့် ထုတ်ဝေသည်။

 

ကြေးမုံ(စာအုပ်စင်)