နေပြည်တော် ဧပြီ ၁၄
Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ စုစုပေါင်းကူညီမှု(၅)မျိုးကို ၁၀ရက်မှစတင်၍ အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၅) မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၆၈၀၂၂၇)စုရှိရာ ယနေ့အထိ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ်မှ အိမ်ထောင်စု(၅၇၂၄၉)စု၊ အနောက်ပိုင်းခရိုင်(၁၂) မြို့နယ်မှ အိမ်ထောင်စု(၂၆၉၈၃)စု၊ တောင်ပိုင်းခရိုင် (၁၀) မြို့နယ်မှ အိမ်ထောင်စု (၁၁၁၁၄၉)စု၊ မြောက်ပိုင်းခရိုင် (၉)မြို့နယ်မှ အိမ်ထောင်စု (၇၄၉၉၁)စု၊ အိမ်ထောင်စုစုပေါင်း(၂၇၀၃၇၂)စုအား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


