တာလေ ၁၄ ဧပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၃၇၆)စုအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့အဆင့် ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများမှ အခြေခံစားသုံးကုန် ငါးမျိုးကို ယနေ့တွင် နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုထံမှ သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)


