နေပြည်တော်   ၁၂  ဧပြီ

 

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံ နိုင်ငံတော်မှ လှူဒါန်းသည့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ကြက်သွန် စားသောက် ကုန်များကို ဧပြီ ၁၀ ရက်မှ စတင်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထောက်ပံ့ပေးအပ် လျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ မြို့မဈေးကုန်းကျောင်းတိုက်၌ ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသည့် ပျဉ်းမနားမြို့ ဘိုကုန်းရပ်ကွက် နယ်မြေ()ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၂၇) စုအား အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက တစ်အိမ်ထောင်စုလျှင် ဆန်()ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ()ပိဿာ၊ ကြက်သွန်()ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ကြသည်။

 

ကျွန်တော်တို့အနေနဲ့ အခုနယ်မြေ() က အိမ်ထောင်စုတွေကို ဖြန့်ဝေပေးနေတာပါ။ ဒီနေ့ နေလယ်ပိုင်းမှာ ဘိုကုန်း ရပ်ကွက်နယ်မြေ () က အိမ်ထောင်စု (၁၀၉) စုကို အိမ်အရောက်ပို့စနစ်နဲ့ လိုက်လံဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ဒါက ကိုဗစ်-၁၉ ကို ကာကွယ်တဲ့အနေနဲ့ လူစုလူဝေး မဖြစ်စေချင်တာကြောင့်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နယ်မြေက ဖြန့်ဝေပေးရမယ့် အိမ်ထောင်စုလည်း နည်းတဲ့အတွက် အိမ်အရောက်ပို့စနစ်ကို ဆောင်ရွက်ဖြစ်တာပါ။ နိုင်ငံတော်က ထောက်ပံ့မှုအပြင် အခြားအလှူရှင်တွေက လှူဒါန်းတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ရပ်ကွက်မှာရှိတဲ့ အခြေခံ လူတန်းစားတွေ သင်္ကြန်ကာလမှာ စားဝတ်နေရေး အဆင်ပြေဖို့အတွက် လာရောက်လှူဒါန်းဖို့ ဆက်သွယ်ထားတာတွေ ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ရော၊ တခြားအလှူရှင်တွေအနေနဲ့ရော အခြေခံလူတန်းစားတွေအတွက် ထည့်သွင်း စဉ်းစားပြီး ခုလိုထောက်ပံ့လှူဒါန်းကြတာ မြင်တွေ့ရတော့ များစွာပျော်ရွှင်ကျေနပ်မိပါတယ်ဟု နယ်မြေ() ရာအိမ်မှူး ဦးမင်းသူ က ပြောသည်။

 

mdn

 

စားသောက်ကုန်းပစ္စည်းများ ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စနစ်တကျရှိစေရေး အတွက် စာရင်းရေးသွင်း ထုတ်ပေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း ဖြန့်ဝေပေးလျက် ရှိသည်။

 

အလားတူ ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်၊ လယ်ဝေးမြို့နယ် အမှတ်() ရပ်ကွက်၊ သာဝတ္ထိကျေးရွာ အုပ်စုနှင့် အေလာကျေးရွာအုပ်စုအတွင်းမှ ကျေးရွာများ၊ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စုနှင့် မင်းကုန်း ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာများ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ စားသောက်ကုန်များကို တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေပေးကြသည်။

 

နိုင်ငံတော်၏ အစီအစဉ်ဖြင့် အခြေခံလူတန်းစား မိသားစုများအား သတ်မှတ်စားသောက်ကုန်များ ထောက်ပံ့ပေး လျက်ရှိရာတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရပ်ကွက်ကျေးရွာအချို့မှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တာဝန်ရှိသူများက သတ်မှတ်ကာကွယ်ရေး ပစ္စည်းများ အသုံးပြုပြီး အိမ်အရောက်ပို့စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အခြေခံလူတန်းစား အိမ်ထောင်စုများထံ ဆက်လက်ဖြန့်ဝေမည့် စားသောက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ လက်ဝယ်သို့ စနစ်တကျ ခွဲဝေပေးလျက်ရှိသည်ကို တွေ့မြင်ရသည်။

 

စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိရာတွင် လာရောက်ထုတ်ယူကြသည့် ပြည်သူများကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာများကိုလည်း မျှဝေပေးလျက်ရှိသည်။

 

နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ထောက်ပံ့ရန် လျာထားသည့် အခြေခံလူတန်းစား အိမ်ထောင်စုမှာ စုစုပေါင်း (၁၄၀၈၄၈) စု ရှိပြီး ဇမ္ဗူသီရိမြို့နယ်၌ အိမ်ထောင်စု (၅၅၁၉) စု၊ ပုဗ္ဗသီရိမြို့နယ်၌ အိမ်ထောင်စု (၁၂၄၅၇) စု၊ ဒက္ခိဏ သီရိမြို့နယ်၌ အိမ်ထောင်စု (၆၁၈၇)စု၊ ဥတ္တရသီရိမြို့နယ်၌ အိမ်ထောင်စု(၉၁၈၆)စု၊ ဇေယျာသီရိမြို့နယ်၌ အိမ်ထောင် စု(၁၁၆၅၅)စု၊ ပျဉ်းမနားမြို့နယ်၌ အိမ်ထောင်စု (၂၇၄၂၈) စု၊ လယ်ဝေးမြို့နယ်၌ အိမ်ထောင်စု (၃၈၄၉၈) စုနှင့် တပ်ကုန်းမြို့နယ်၌ အိမ်ထောင်စု (၂၉၉၁၈) စု ရှိပြီး ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ထောင်စုများအား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ သတ်မှတ်စားသောက် ကုန်များကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ပရဟိတအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက သွားလာရေးခက်ခဲသည့်  ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသမှ ပြည်သူများနှင့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများကို ၎င်းတို့၏ အစီအစဉ်ဖြင့် လိုက်လံလှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

သတင်း-မျိုးမြင့်၊ မျိုးသူဟိန်း

ဓာတ်ပုံ-ကျော်ဇင်ထိုက်