အိမ်မဲ ၁၀  ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးနိုင်ရန် ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း၌ ဈေးဝယ်သူများကို အရှေ့ (၃) ပေ၊ ဘေး (၆) ပေခြား၍ ဝယ်ယူနိုင်ရန် စည်းဝိုင်းများကို ဧပြီ ၁၀ ရက် နံနက် ၁၁ နာရီကပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ဈေးလာဝယ်ယူကြသူများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် အရှေ့ (၃) ပေ၊ ဘေး (၆) ပေခြား၍ ဈေးဝယ်ယူနိုင်ရန် စည်းဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး ဈေးသူ ဈေးသားများအား မိမိတို့ဆိုင်များတွင် ဈေးလာဝယ်ကြသူများကို အဆိုပါစည်းဝိုင်းအတွင်းမှ ဝယ်ယူကြရန် မှာကြားပေးခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)