ကော့သောင်း  ၁၉  မတ်

 

ကော့သောင်းမြို့ရှိ အိမ်သုံးဆေးအရောင်းဆိုင်များတွင် တားမြစ်ဆေးနှင့် ကန့်သတ်ဆေးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီမှ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

1305

 

ထိုသို့စစ်ဆေးရာတွင်  ကော့သောင်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက် ရှိသည့် အိမ်သုံးဆေးဆိုင်များတွင် တားမြစ်ဆေးများ၊ မူးယစ်ဆေး အုပ်စုဝင်ဆေးများ၊ ကာမစိတ်ကြွ ဆေးပြားများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်းလွန်ခါနီး ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင် မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော ဆေးဝါးများနှင့် စံမညီဆေးဝါးများ ဝယ်ယူတင်သွင်း ဖြန့်ချိရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးခဲ့သည်။

 

18888

 

ထို့ပြင် အမျိုးသားဆေးဝါးဥပဒပါ ပြဋ္ဌာန်းချက်များအရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများ ကို အသိပညာပေး ဆွေးနွေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

3312