ပခုက္ကူ  ၁၉  မတ်

 

ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပခုက္ကူမြို့နယ် သာသနာရေး ဦးစီးဌာနတို့၏ ဦးစီးဆောင် ရွက်မှုဖြင့် ပခုက္ကူမြို့ရှိဆရာတော်၊သံဃာတော်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိ/ရပ်ဖများ စုပေါင်း၍ မတ်လ ၁၈ရက် ညနေပိုင်းအချိန်တွင် မြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်များ ကင်းဝေးစေရန် ရည်ရွယ်၍ ပရိတ်တရားတော်များနှင့် ပဌာန်းဒေသနာတော်များကို မြို့တွင်း လှည့်လည်ကာ ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။

 

320

 

ရှေးဦးစွာ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာ ဘုရားဝန်းတွင် ဆရာတော်၊သံဃာတော်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုရုံးကြသည်။ ထို့နောက် ပခုက္ကူမြို့ရှိ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများနှင့် ပရဟိတအဖွဲ့များ၏ မော်တော်ကားများဖြင့် သီဟိုဠ်ရှင် မြတ်စွာဘုရားမှ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်လမ်းမှ မြို့လုံးကျွတ် လှည့်လည်၍ ရေဘေး၊လေဘေး၊ မီးဘေးနှင့် ကပ်ရောဂါဆိုးများ စသည့် သဘာဝဘေး အန္တရာယ်ကင်းဝေးရန်အတွက် ပရိတ်တရားများနှင့် ပဌာန်းဒေသနာတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ကြသည်။

 

8963333333333333

 

ထို့အပြင် ဌာနဆိုင်ရာများ ရုံးများနှင့် လူစည်းကားရာ တက္ကသိုလ်ကျောင်းများ၊ ကားကြီးကွင်းနှင့် ဈေးခန်းများနှင့် စာကြည့်တိုက်များတွင်လည်း ကိုရိုနာဗိုင်းရမ်းစ်(COVID-19) ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များပါသည့် ဗီနိုင်းများကပ်ခြင်း၊ အသိပညာပေးခြင်း၊ လက်ဆေးရန် ရေပုံးနှင့်ဆပ်ပြားများအား ချထားပေးခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။

 

ဆလိုင်းကိုကီး

 

180