ဒလ ၁၈ မတ်
Coronavirus Disease 2019 (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးမှ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းက Covid-19 ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာများ၊ နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ Covid-19 ရောဂါနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ ပြန်လည်းဆွေးနွေးကာ မြို့နယ်ဆရာဝန်ကြီးမှ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)


