ဆီဆိုင် ၁၈ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ ဖာလိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေများသွားရောက် လှူဒါန်းပေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မတ် ၁၈ ရက် နံနက် ၁၀ နာရီက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သောက်သုံးရေသွားရောက်လှူဒါန်းပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဂါလန် ၈၀ဝ ဆံ့ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ဖာလိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ အုတ်ရေလှောင်ကန်ထဲသို့ စနစ်တကျထည့်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


