မင်းတပ် ၁၈ မတ်
မင်းတပ်မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease – 19 ကြိုတင်ကာကွယ်နိုင်ရေး ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ကျင်းပခဲ့သည်။
ဦးစွာ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက (COVID-19) ရောဂါဖြစ်ပွားမှု ကြိုတင် ကာကွယ်နိုင်ရန် ရောဂါကူးစက်နိုင်သည့် နည်းလမ်းများနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများအား ကျေးလက်ကျန်းမာရေးဝန်ထမ်းများ နှင့်ပူးပေါင်း၍ ကျေးရွာအဆင့် အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန် မှာကြားသည်။
ယင်းနောက် (COVID-19) ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများကို Video Click ဖြင့် ပြသပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် မင်းတပ်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


