ကျီခါး ၄ မတ်

ချင်းပြည်နယ် ကျီခါးမြို့၌ မြို့ရေပေးဝေရေးလုပ်ငန်းကို စည်ပင်ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် ၂၇၃ ဒသမ ၇၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

1855

 

အဆိုပါ မြို့ရေပေးဝေရေးလုပ်ငန်းကို တင်ဒါအောင်ခဲ့သော မဏိပူရီးဗားကုမ္ပဏီနှင့် ဧမာနွေကုမ္ပဏီတို့မှ ယခုလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရေထွက်မှ မြို့ရေစုကန်အထိ ရေပိုက်လိုင်းများ အသစ်သွယ်တန်းခြင်းလုပ်ငန်း၊ ရေစုကန်မှ မြို့တွင်းဖြန့်ဝေလိုင်းများ အသစ်ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မြို့တွင်းရေမီတာ တပ်ဆင်ခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

1202

 

ကျီခါးမြို့၌  နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးသည့် အခက်အခဲနှင့်ကြုံတွေ့လျက်ရှိရာ ယခုအခါ အသစ်ဆောင်ရွက်မည့် မြို့ရေပေးဝေရေးလုပ်ငန်း ပြီးစီးသွားပါက မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအနေဖြင့် ၁၂ ရာသီပတ်လုံး ရေလုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)

 

806