ဆိပ်ဖြူ ၄ မတ်
လူကုန်ကူးမှုအကြောင်း အသိပညာဗဟုသုတများ ရရှိစေရေးနှင့် အစားအသောက်များနှင့် ပတ်သက်၍ ရှောင်ရန် ဆောင်ရန်များ သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်း စတင်ပေါ်ပေါက်လာပုံနှင့် ဥပဒေများနှင့် ကုန်ပစ္စည်းများထုတ်ပိုးမှုစနစ်နှင့် ထုတ်ပိုးရာတွင် ပါရှိရမည့် အချက်အလက်များကို တာဝန်ရှိသူများက အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များအား တက်ရောက်လာကြသည့် သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမျိုး (ယောဧရာ)


