မုဒုံ ၄ မတ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် “အားလပ်ချိန်မှာစာဖတ်ပါ” ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ဝန်ထမ်းများ စာပေနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့်ဝ န်ထမ်းများ၏ ဆန္ဒကို စာဖတ်သူရှိရာအရောက် စာအုပ်ငှါးရမ်းပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီမှစ၍ မုဒုံမြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှါးရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် တစ်လလျှင် နှစ်ကြိမ်ငှါးရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


