ဆင်ပေါင်ဝဲ မတ်

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စာရပေအနောက်စုကျေးရွာသို့ ဂါလန် ၅၀၀ ဆံ့ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

 

ိိျျ၁

 

အခမ်းအနားတွင် ဂွတ်နေးဘားစ်မြန်မာမှ စီမံချက်တာဝန်ခံ ဦးအောင်သူရနှင့် တက်ရောက်လာကြသော လူကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ရာ စီမံချက်တာဝန်ခံ ဉီးအောင်သူရမှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုဝင်း၊ ဂွတ်နေးဘားစ်မြန်မာမှ ကျေးရွာတာဝန်ခံ ဉီးမျိုးဇော်ထွန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးကျော်မြင့်တို့က အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး စီမံချက်တာဝန်ခံ ဉီးအောင်သူရမှ အုပ်ချုပ်ရေးမှူး ဉီးကျော်မြင့်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာပြည်သူများကိုယ်စား ဒေါ်အေးမြတ်မွန်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခန့်ဝင်း (ပြန်/ဆက်)

 

နနမမ