ကေ့ာကရိတ် ၄ မတ် 

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် မီးသတ်ဦးစီးဌာနသည် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသူကျောင်းသား စိတ်အေးချမ်းသာ စာမေးပွဲဖြေဆိုနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာစစ်ဌာနကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလှထွန်းစံနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကေ့ာကရိတ်မြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၁)၊ အ.ထ.က(၂) ကျောင်းသို့ သွားရောက်၍ မီးချိတ်မီးဂတ်၊ သဲပုံးရေပုံး၊ မီးသတ်ဆေးဘူးနှင့် မီးပလပ်ခုံများ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)