ဟားခါး ၃ မတ်

ချင်းပြည်နယ် ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မတ် ၃ ရက်က ဟားခါးမြို့နယ် နှီရ်လှောန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာနေ ပြည်သူများအားလည်းကောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

024

 

ထို့နောက် နှီရ်လှောန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းစာကြည့်တိုက်အတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းပေးပို့သည့် စာအုပ်စာစောင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉီးစီးဌာနက ပေးပို့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးမြင့်နိုင်စိုးက ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဉီးပဲနန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)