ဟားခါး  မတ်

 

ချင်းပြည်နယ်ဟားခါးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် (Corona Vires Disease 2019) ရောဂါကူးစက်ခံရမှုမှ ကင်းဝေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ မတ် ရက် နံနက် ၁၀ နာရီက ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါပူးပေါင်းအဖွဲ့တွင် ချင်းပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာန ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ငွေစံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီး ဌာနမှူး ဉီးမျိုးလွင်ဉီး၊ ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေး၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဝေငှခဲ့ကြကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)