ရန်ကုန် ၃ မတ်
ဇာမဏီမြန်မာ အသိပညာပေးရေးအဖွဲ့အစီအစဉ်ဖြင့် ဇာမဏီမြန်မာနိုင်ငံသား စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။
ရှေးဦးစွာ သင်တန်းတာဝန်ခံ ဦးသန့်ဇင်(ဇာမဏီမြန်မာ)က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဇာမဏီမြန်မာအဖွဲ့၏ နာယက ဦးလတ်(ပြည့်ဖြိုးစွမ်းအင်)က သင်တန်းနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၃၀) တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ် ၃ ရက်မှ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
သင်တန်းတွင် ဒီမိုကရေစီနိုင်ငံသား ပြည်သူ့နီတိသင်ယူပွား၊ အခြေခံအုပ်ချုပ်ရေးပညာနှင့် နည်းပညာအခြေခံများ၊ ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်း၊ နိုင်ငံသား လုံခြုံရေးနှင့် လုံခြုံမှုအခြေခံများ၊ စွဲစေတတ်သောအပြုအမူများကို ဆန့်ကျင်ခြင်းနှင့် ဆန္ဒနှင့် ဘဝထုတ်ဖော်ခြင်းတို့ကို(အခမဲ့) သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


