နေပြည်တော် ၃ မတ်

မန္တလာဒီဂရီ ကောလိပ် (မန္တလေး)မှ တတိယနှစ်ခရီးသွားနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ (BTHM) ဘာသာရပ်အထူးပြု ကျောင်းသား/ ကျောင်းသူများအား ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လုပ်ငန်းခွင်များသို့ အလုပ်သင် (၆)လ သွားရောက်လေ့လာသင်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်   မန္တလေးမြို့ Hilton Hotel ၌ ပြုလုပ်သည်။ 

 

302020

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က ခရီးသွားနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ (BTHM) ဘာသာရပ်အား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ ထိုဘာသာရပ် တတိယနှစ် ကျောင်းသားကျောင်းသူများ အလုပ်သင် (၆) လ လက်တွေ့ သွားရောက်လေ့လာ သင်ယူရာတွင် အရည်အသွေးရှိသော Internship ဖြစ်စေရေး၊ Internship ကာလအတွင်း ထိရောက်သော လေ့လာမှုမျိုးဖြစ်စေရေးအတွက် မန္တလာဒီဂရီကောလိပ်နှင့် Internship လက်ခံမည့်သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များအသင်းက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ Internship ဆင်းကျောင်းသားများကို လုပ်ငန်းခွင်ဝင် အပ်နှံပွဲ အခမ်းအနား ကျင်းပပြုလုပ်၍ အပ်နှံသွားမည်ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက Powerpoint Presentation များ တင်ပြခြင်းများ ဆောင်ရွက်စေပြီး ထူးချွန်သည့် ကျောင်းသားအချို့ကို ရွေးချယ်ကာဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် ပြည်တွင်းပြည်ပ ခရီးသွားပြပွဲများသို့ အတွေ့အကြုံရရှိစေရန် လိုက်ပါနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ လက်ခံဆောင်ရွက်ပေးရမည့် သင်တန်းသားဦးရေကို ခရီးသွားလုပ်ငန်း နယ်ပယ်အလိုက် မန္တလာဒီဂရီ ကောလိပ်မှ စာရင်းပြုစုပေးပါရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

 

32021

 

ယင်းနောက် တက်ရောက်လာကြသူများက ကျောင်းသားကျောင်းသူများ Internship ကာလတွင်း ထိရောက်သောလေ့လာမှုမျိုး ဖြစ်စေရေး၊ အောင်မြင်စွာ တက်ရောက်လေ့ကျင့် နိုင်ရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

သတင်းစဉ်