ပဲခူး  ၃  မတ်

 

ပဲခူးမြို့၏ ကျက်သရေဆောင် အထင်ကရ သမိုင်းဝင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တန်ခူးလဆန်း ၁၀ ရက်မှ တန်ခူးလဆုတ် ၄ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး အစဉ်အလာမပျက် ကျင်းပခဲ့ပြီး ဘုရားပွဲတော်တွင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာပွဲများ၊ မြန်မာ့ရိုးရာကုန်ပစ္စည်းပြပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စက်ရုံအလုပ်ရုံထွက်ရှိသည့် လူသုံးကုန်၊ အလှကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ရောင်းချခြင်း အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

mdn

 

အဆိုပါ ‌ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပွဲတော်တွင် ပါဝင်ရောင်းချကြမည့် ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင်ပွဲ ဇာတ်သဘင်ပွဲများအတွက် နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာကာ လေလံ‌တင်ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)