နမ့်ဆန်  ၃  မတ်

 

COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

 

963

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး အသက်အန္တရာယ် ခြိမ်းခြောက်နေသည့်အတွက် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို လိုက်နာကြရန်နှင့် ရှောင်ရန် ဆောင်ရန်တို့ကို ပြောကြားသည်။

 

63.

 

ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ နေအိမ်များတွင် ပိုစတာများကပ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)

 

86657