ကြံခင်း ၃ မတ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂၁ ရက်နေ့အထိ သက်ဆိုင်ရာနယ်မြေရှိ မြို့နယ်ကော်မရှင်ရုံးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်လွင်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်မှု ရှင်းလင်းရခြင်း၏ ရည်ရွယ်ချက်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မှုများကို ရှင်းလင်းခြင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးကြည်ဝင်းက ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် (၆)ချက်အား လည်းကောင်း၊ မဲဆန္ဒနယ်သတ်မှတ်ခြင်းများ၊ ဥပဒေ၊ နည်းပဒေများအညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင် ဦးအုန်းမြိုင်နှင့် ဦးတင်စိုးတို့က မဲစာရင်းနှင့် ပတ်သက်သည့် အတိုး/အလျော့များ စနစ်တကျ ပြုစုဆောင်ရွက်နိုင်မှုများအား အသေးစိတ်ရှင်းလင်းခဲ့ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
မိုးမိုး (ပြန်/ဆက်)


