ရိခေါ်ဒါရ်  ၂၇  ဖေဖော်ဝါရီ    

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိခေါ်ဒါရ်မြို့ဒေသ စိုက်ပျိုးရေး ထုတ်ကုန် ပိုမိုဖွံ့ဖြိုး မြှင့်တင်နိုင်ရေးနှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေ ပိုမိုတိုးပွားစေရေး အတွက်  တောင်သူဦးကြီးများထံ ဝဥမျိုးစေ့များ အခမဲ့ဖြန့်ဝေ ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်က စိုက်ပျိုးရေးဦးစီးဌာနရုံးခန်း၌ ကျင်းပသည်။

 

65553

 

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးမှူး ဦးလန့်ခေါထန်က ဝဥမျိုးစေ့ဖြန့်ဝေပေးရခြင်း၏ ရည်ရွယ် ချက်များ၊ ဝဥစိုက်ပျိုးရာတွင် GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေးနည်းလမ်းများ၊ စိုက်ခင်းနှင့် ပျိုးပင်များ ပြုစုထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာများကို တောင်သူဦးကြီးများထံ အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးသည်။

 

57241

 

ထို့နောက် ရိခေါ်ဒါရ်မြို့ မြို့ပေါ်ရပ်ကွက်နှစ်ခုမှ တောင်သူဦးကြီး ၁၇ ဦးထံသို့ တစ်နှစ်သား ဝဥမျိုးစေ့  ၃၉၇၆ ပိဿာကို အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ပြီး တောင်သူများ ဝမ်းသာကြကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)

 

565