ချောက်  ၁၈  ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ဂွေးပင်ကျေးရွာအုပ်စု၊ သန်းပင်မြောက်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ယူနီဆက်၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေပေးရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

963

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေများ တင်ပြတောင်းခံပြီး ဦးစားပေးအလိုက် လျာထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သန်းပင်မြောက်ကျေးရွာ အိမ်တိုင်ရာရောက် ရေပေးရေး စနစ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ယူနီဆက်၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ဖေဖော်ဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီးဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်ကပြောပြ၍ သိရသည်။

 

5252

 

အဆိုပါ အိမ်တိုင်ရာရောက် ရေပေးရေးစနစ်များကို ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၇ သန်း၊ ယူနီဆက် ထောက်ပံ့ ရန်ပုံငွေ ၁၅ ဒသမ ၃၅ သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပိုက်လိုင်း ဒီဇိုင်းရေးဆွဲခြင်းနှင့် လိုအပ်သည့် နည်းပညာ အကူအညီဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

635

 

သန်းပင်မြောက်ကျေးရွာတွင် အိမ်တိုင်ရာရောက်ရေပေးရေးလုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ(၂၀၇)အိမ်၊ လူဦးရေ ၁၀၃၀ နှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အချိန်ကုန် သက်စွာဖြင့် သောက်သုံးရေများ ဖူလုံစွာရရှိ စေမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်

 

857421