နေပြည်တော် ၂၄ ဇန်နဝါရီ
(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ပွဲစဉ်များအနက် ချင်းယူနိုက်တက် FC အသင်းနှင့် ဟံသာဝတီယူနိုက်တက် FC အသင်း တို့သည် ဇန်နဝါရီ ၂၅ ရက် ညနေ (၄) နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ (၃) နာရီ (၄၅) မိနစ်မှစတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)