နေပြည်တော် ၄ ဇန်နဝါရီ
၂၀၂ဝပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကို နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။
အားကစားပြိုင်ပွဲများတွင် ထုပ်ဆီးတိုးခြင်း၊ ခေါင်းအုံးရိုက်ခြင်း၊ ချောတိုင်တက်ခြင်းနှင့် အခြားသော ကစားနည်းများအပါအဝင် စက်ဘီးစီးပြိုင်ပွဲ၊ မီနီမာရသွန်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ကံစမ်းမဲဖောက်ခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
MDN