စေတုတ္တရာ ၂၆ ဒီဇင်ဘာ    

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် သွားဘက်ဆိုင်ရာ ဆေးတက္တ္ကသိုလ် မန္တလေးမှ တွဲဖက်ပါမောက္ခ ဒေါက်တာဦးမျိုးသန့် ဦးဆောင်သည့်အဖွဲ့နှင့်အတူ ကျောင်းသား၊ ကျောင်းသူများမှ ကွင်းဆင်းဆေးကုခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၁) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

8

 

ယင်းသို့ဆောင်ရွက်ရာတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မန္တလေးမှ ဒေါက်တာ ဒေါ်အေးမြတ်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက သွားဖက်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။

 

8

 

ဆက်လက်၍ တွဲဖက်ပါမောက္ခ ဒေါက်တာဦးမျိုးသန့် ဦးဆောင်သည့် အဖွဲ့သည် တက်ရောက် လာကြသော ဒေသခံပြည်သူများအနက် သွားနှင့်ခံတွင်းကျန်းမာရေးလူနာများအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးပြီး သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေး လက်ကမ်း စာစောင်များနှင့် သွားတိုက်ဆေးများ ဖြန့်ဝေပေးခဲ့သည်။

 

77

 

ထို့နောက် မြို့တွင်း၌ သွားနှင့်ခံတွင်းကျန်းမာရေး လူနာစစ်တမ်းများကောက်ယူ၍ ဆက်လက် ကုသပေး သွားမည်ဖြစ်ကြောင်းနှင့် ဟောပြောပွဲသို့ သွားဘက်ဆိုင်ရာ ဆရာ/ ဆရာမ (၅) ဦး၊ အလုပ်သင်ဆရာဝန် (၆)ဦး၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူ (၂၉) ဦးနှင့် ဒေသခံ ပြည်သူများအပါအဝင် စုစုပေါင်း (၁၀ဝ)ဦးခန့် တက်ရောက်ကြောင်း သိရသည်။  

 

ခင်သန်းလှိုင်(ပြန်/ဆက်)