သံတောင်ကြီး ၂၆ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သော နော်ဘူဘော ဆုတောင်း တောင်သို့ ခရစ္စမတ်နေ့နှင့် ကရင်နှစ်သစ်ကူးနေ့၊ အစိုးရရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သည့် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အထူးသဖြင့် ကရင်နှစ်သစ်ကူးနေ့၌ ပြည်ပရောက် ကရင်တိုင်းရင်းသားလူမျိုးများသည် သံတောင်ကြီး မြို့သို့ လာရောက်ကာ ကရင်နှစ်သစ်ကူးနေ့ကို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲခဲ့ကြသည်။
(သံတောင်ကြီး ပြန်/ဆက်)


