ရန်ကုန် ၂၄ ဒီဇင်ဘာ

 

စင်ကာပူနိုင်ငံအခြေစိုက် XTREME MEDIA မှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ရှိမ်ရွာ၌ ဝဥ၊ ထောပတ်သီးနှင့် ကော်ဖီစိုက်ခင်းများအတွင်း ချင်းတိုင်းရင်းသား တောင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ စိုက်ပျိုးရေးလုပ်ကိုင်ကြပုံနှင့် ချက်ပြုတ်စားသောက်ပုံ အပါအဝင် တစ်နေ့တာလှုပ်ရှားမှု အစီအစဉ်ကို ရိုက်ကူးကြသည်။

 

2

 

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့ကလည်း မင်းတပ်မြို့နယ်ရှိ ကြားဒိုကျေးရွာတွင် ချင်းတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲ၊ ချင်းတိုင်းရင်းသားများ၏ ကျေးလက်လူနေမှုဘဝ၊ ဓလေ့ထုံးစံနှင့် ပတ်ဝန်းကျင်ရှုခင်းများ၊ ချင်းတိုင်းရင်းသားကြီးများ တောလိုက်ရန် ပြင်ဆင်ပုံနှင့် တောလိုက်ပုံ ဟန်ရေးပြခြင်း စသည့် ရိုးရာဓလေ့တို့ကို ရိုက်ကူးခဲ့ကြပြီး ချင်းတိုင်းရင်းသားလူမျိုးများ၏ ပါးရဲထိုးခြင်း၊ ရိုးရာတူရိယာများဖြင့် သီဆိုတီးမှုတ်ကခုန်ခြင်းများအပြင် သာယာလှပသော သဘာဝတောတောင် ရေမြေအလှအပများကို ဆက်လက်ရိုက်ကူးကြမည်ဖြစ်ကြောင်း၊ ထိုသို့ ရိုက်ကူးထားရှိမှုများကို စင်ကာပူနိုင်ငံ MEDIA CORPE ရုပ်သံလိုင်းရှိ Series တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

2

 

တင်စန်း (FDC)