ရန်ကုန် ၂၄ ဒီဇင်ဘာ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ရာသီဥတု ညွှန်းကိန်းအခြေပြု သီးနှံအာမခံ လျော်ကြေးပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးက အဖွင့်အမှာစကားပြောကြားပြီး ရာသီဥတု ညွှန်းကိန်း အခြေပြုသီနှံအာမခံ Product Design ရေးဆွဲပေးသော Sompo Japan မှနည်းပညာများက ရှင်းလင်းပြောကြားသည်။

 

3

 

ဆက်လက်၍ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လျော်ကြေးငွေပေးအပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက လက်ခံရယူပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

5

 

ယခု လျော်ကြေးပေးချေသည့် အခမ်းအနားတွင် Pilot Project ဆောင်ရွက်ခဲ့ပြီး အာမခံထားရှိသည့် လယ်ဧက ၂၆၄ ဧက အတွက် လျော်ကြေး  ကျပ် ၁၁၈၈၀ဝ၀ဝ သိန်း (တစ်ရာ့တစ်ဆယ့်ရှစ်သိန်း ရှစ်သောင်းကျပ်) လျော်ကြေးပေးခဲ့ ကြောင်းသိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)