ပန်းငရုတ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသော်လည်း ယခင်နှစ်ထက်ဈေးနှုန်းရရှိမှုနည်းနေ

ဆိပ်ဖြူ  ၂၁ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြင်ဝကျေးရွာအုပ်စုတွင် ဆောင်းသီးနှံ ပန်းငရုတ်ပွမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခင်နှစ် ဈေးရရှိမှုထက် နည်းနေကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

 

ဆိပ်ဖြူမြို့နယ်ရှိ ဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူများသည် ဆောင်သီးနှံကို ကြက်သွန်နီ ခရမ်းခေါင်း၊ ခရမ်းချဉ်၊ ပဲမျိုးစုံနှင့် ငရုတ်များစိုက်ပျိုးထုတ်လုပ်ကြပြီး ငရုတ်ကို ငရုတ်ရှည် (အစပ်မျိုး)၊ ငရုတ်အချို (ပန်းငရုတ်)များ စိုက်ပျိုးထုတ်လုပ်ကြပြီး ငရုတ်စိုက်ပျိုးသူများအနေဖြင့် ငရုတ်ရှည် (အစပ်မျိုး) ထက် ငရုတ်အချို (ပန်းငရုတ်)သည် ယခင်နှစ်ဈေးနှုန်းရရှိမှုထက် နည်းပါးခဲ့ကြောင်း သိရသည်။

 

ငရုတ်အချို (ပန်းငရုတ်)ကို တော်သလင်းလမှ စတင်မျိုးထောင်ကာ ပျိုးထောင်ပြီး (၂၈) ရက်အကြာတွင် မြေပြင်၍ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြပြီး (၉၀)အကြာတွင် စတင်းခူးဆွတ်ကြောင်း၊ ငရုတ်သီးကို (၅) ရက် တစ်ကြိမ်ဆွတ်ရကာ ရာသီဥတုကောင်းမွန်လျှင် တစ်ကြိမ်ဆွတ်ခူးလျှင် ပိဿာချိန် (၄၀) ထွက်ရှိကြောင်း ငရုတ်အချို (ပန်းငရုတ်) စိုက်ပျိုးသူများမှ သိရသည်။

 

ယခင်နှစ်က ငရုတ်အချို (ပန်းငရုတ်) အဦးပေါ်ချိန် တစ်ပိဿလျှင် (၂၇၀ဝ)ကျပ်ဈေးရရှိခဲ့ပြီး နောက်ပိုင်းတွင် (၁၀ဝ၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်ရာမှ ယခုနှစ်တွင် တစ်ပိဿာလျှင် (၆၅၀)ကျပ်မှ (၇၀ဝ) ကျပ် အထိသာ ဈေးရရှိကြောင်း သိရသည်။

 

ငရုတ်အချို (ပန်းငရုတ်) အရောင်တင် (ငရုတ်သီးမှုန့်) ပြုလုပ်ရာတွင် အသုံးပြုပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ငရုတ်အချို (ပန်းငရုတ်)အဝယ်ဒိုင်များမှ သိရှိရသည်။

 

စိုးလင်းနိုင်(IPRD)