နေပြည်တော်  ၁၆   ဒီဇင်ဘာ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည်  သြစတြေးလျနိုင်ငံ၏ အကြီးဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Woodside Energy Ltd မှ Executive Vice President Ms. Meg O’ Neill ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကမ်းလွန်လုပ်ကွက် A-6 နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကုမ္ပဏီ၏ Corporate Social Responsibility (CSR) programs တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ကမ်းလွန်လုပ်ကွက် A-6 တွင် Woodside Energy company က ၄၀ ရာခိုင်နှုန်း၊ Myanmar Petroleum Resourses Ltd. (MPRL E&P) က ၂၀ ရာခိုင်နှုန်း၊ ပြင်သစ်စွမ်းအင်ကုမ္ပဏီဖြစ်သည့် TOTAL မှ ၄၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ 

 

(သတင်းစဉ်)