ကမ္ဘာ့ပထမဦးဆုံး အပါးဆုံးအရေပြား မျက်နှာဖုံးကို ဂျပန် မိတ်ကပ်ကုမ္ပဏီတီထွင်

၅ ဒီဇင်ဘာ

 

ဂျပန်နိုင်ငံက မိတ်ကပ်ကုမ္ပဏီ တစ်ခုကနေ မျက်နှာပေါ် သို့မဟုတ် အရေပြားပေါ်ကို စပရေးဖြန်းပြီး ဒုတိယ အရေပြားအဖြစ် ဖုံးအုပ်နိုင်တဲ့ (moisturiser) ရေဓါတ်ပါတဲ့ မျက်နှာဖုံးကို မနေ့ကစတင် မိတ်ဆက်လိုက်ပါတယ်။  အဲဒီ ရေဓါတ်ပါတဲ့ မျက်နှာဖုံးဟာ လူ့ဆံချည်မျှင်ရဲ့ ၁၀ဝ ပုံတစ်သာ ထူတဲ့ အမျှင်လေးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

 

အရေပြားပေါ်ကို အရည်စုပ်နိုင်တဲ့လိုးရှင်းလိမ်းပြီးရင် ရေဓါတ်ပါတဲ့ မျက်နှာဖုံးလုပ်နိုင်တဲ့ စက်လေးနဲ့ ဖြန်းရမှာဖြစ်ပါတယ်။ အဲဒီအခါ မျက်နှာကို ဖန်လုံအိမ်လိုဖုံးအုပ်လိုက်တာဖြစ်ပါတယ်။ အဲဒီမျက်နှာဖုံးအောက်ရှိ အရေပြားဟာ ရေဓါတ်ကိုရရှိနေသလို သွေးလည်ပတ်မှုလည်း ရှိနေမှာ ဖြစ်ပါတယ်။ ဒုတိယအရေပြားလို့ ခေါ်နိုင်သော ရေဓါတ်ပါတဲ့ မျက်နှာဖုံးကို တစ်ညလုံး ထားနိုင်သလို တစ်မိနစ်အတွင်းမှာလည်း ခွာနိုင်တယ်လို့ သိရပါတယ်။

 

ကမ္ဘာမှ ပထမဦးဆုံး စက်မှုနည်းပညာကို အသုံးပြုပြီး မိတ်ကပ်ပစ္စည်းထုတ်တာဖြစ်တယ်လို့ အရေပြားသုတေသနပညာရှင် မာဆာယူကီ အူချီရာမာက ပြောပါတယ်။ ဒီစက်ကိရိယာ ထုတ်လုပ်နိုင်ရန် အချိန် ၁၀ နှစ်ကြာကြောင်း၊ ဒီတီထွင်မှုကို Kao ကုမ္ပဏီက ထောက်ပံ့ကြောင်း သိရပါတယ်။ ဒဏ်ရာတွေဘာတွေကို ဖုံးအုပ်ရာတွင် အသုံးပြုနိုင်လိမ့်မယ်လို့ ထင်ကြောင်း အူချီရာမက ပြောပါတယ်။

 

အဲဒီစက်တန်ဖိုးမှာ ဂျပန်ငွေ ၅၀,ဝ၀ဝ ယွမ် (အမေရိကန် ဒေါ်လာ ၄၆၀) ရှိကြောင်း သိရပါတယ်။

 

ဆေးပညာပိုင်းမှာပါ အသုံးပြုခဲ့မယ်ဆိုရင် ဂျပန်ငွေ ၁၀ဝ ဘီလီယံ အထိ ရောက်ရှိနိုင်ကြောင်း သိရပါတယ်။  အခုနည်းပညာနဲ့ တူတဲ့ နည်းပညာမှာ ဆဲလ် သို့မဟုတ် ပိုလီမာ ကို အသုံးပြုထားပါတယ်။ Kaoက အသုံးပြုထားတဲ့ နည်းပညာကတော့ အမျှင်တွေကို အဓိကထားပြီး အရေပြား အလှုပ်အပြုအတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပါတယ်။ အဲဒီလို အရေပြားအလှုပ်အပြုမှာ ပေါက်ကွဲထွက်ဖို့ ခက်ခဲကြောင်း သိရပါတယ်။

 

MDN

AFP