နေပြည်တော် ၂၇ နိုဝင်ဘာ
၂၀၂၀ ခုနှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပို့စကတ်ပြိုင်ပွဲအား "နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ" ဟူသောခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့သည်။
အဆိုပါပို့စကတ်ပြိုင်ပွဲသို့ ပညာရှင် (၂၃) ဦးက ပြိုင်ပွဲဝင်ပို့စကတ်ပေါင်း (၂၂၄)ပုံကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု မောင်ဖြိုးမောင်မောင်(ရွှေဘို)၊ ဒုတိယဆု ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)၊ တတိယဆု နိုင်ထူးအောင်တို့က ရရှိခဲ့ကြသည်။
အထူးဆုများအဖြစ် အောင်ကျော်ထွန်း(ပုသိမ်ကြီး)၊ နိုင်ထူးအောင်၊ ဌေးဝင်း(ရမ္မ၀တီ)၊ ကိုအောင်ကျော်မိုးနှင့် ရဲသူရအောင်(IPRD)တို့က အသီးသီးဆုများရရှိခဲ့ကြသည်။ ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများ ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


