၂၇ နိုဝင်ဘာ
ဂျာမနီလုပ်ဇိမ်ခံကားကုမ္ပဏီ အော်ဒီ (Audi) က ဂျာမနီနိုင်ငံရှိလုပ်သား ၆၁,ဝ၀ဝ ထဲက ၉,၅၀ဝ ကို အခုချိန်ကစပြီး ၂၀၂၅ အတွင်းမှာ လျော့ချသွားမယ် ကုမ္ပဏီက ဒီကနေ့ ပြောကြားပါတယ်။ အဲဒီလို လုပ်သားလျော့ချပြီး လျှပ်စစ်ကားနဲ့ ဒီဂျစ်တယ်အလုပ်တွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။
လျှော့ချမယ့်လုပ်သားတွေက ပင်စင်ယူတဲ့အသက်ထက်စောတဲ့ အစီအစဉ်ကိုသုံးပြီး လျှော့ချမှာဖြစ်ရာ အဲဒီလို လုပ်သားလျော့ချရာကနေ ယူရိုငွေ ၆ ဘီလီယံ ထွက်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗော့စ်ဝက်ဂွန် (Volkswagen) ကားကုမ္ပဏီက လျှပ်စစ်ကား ထုတ်လုပ်ဖို့အတွက် လုပ်သားအင်အား၂၀ဝ၀ လောက်လိုမယ်လို့ ဆိုပါတယ်။
ဂျာမနီကားရဲ့ အစိတ်အပိုင်းတွေ ပံ့ပိုးတဲ့ ဘော့ချ်(Bosch) နဲ့ ကွန်တီနန်တယ် (Continental) ကုမ္ပဏီတွေကလည်း လုပ်အားထောင်ချီပြီး ရှေ့ချီနေချိန်မှာ မာစီဒီးဘန်းဇ် ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ အုပ်ချုပ်ရေးရာထူးအတွက် လုပ်သား ၁,၁၀ဝ ခန့်အပ်ဖို့ရှိနေပါတယ်။
အော်ဒီကားကုမ္ပဏီက သူ့ပြိုင်ဘက်ကုမ္ပဏီတွေလို ဘက်ထရီ-လျှပ်စစ်နဲ့ ဟိုက်ဘရစ်ကား၊ အလိုလျောက်နဲ့ ကားမောင်းသမားက မောင်းနှင်ရတဲ့ နည်းပညာတွေပါ အသုံးပြုထားတဲ့ကားတွေ ထုတ်လုပ်သွားဖို့အတွက် ဘီလီယံနဲ့ချီပြီး အသုံးပြုသွားရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအပါအဝင် ကားလုပ်ငန်းရဲ့ အဓိကဈေးကွက်တွေမှာ ကမောက်ကမနဲ့ ရင်ဆိုင်နေရသလို ဥရောပသမဂ္ဂရဲ့ တင်းကျပ်တဲ့ ကာဗွန်စည်းကြပ်မှုတွေကြောင့် ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ ကုန်ကျစရိတ် တိုးမြှင့်လာပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားပြောင်းလဲထုတ်လုပ်ဖို့အတွက် ငွေကြေးကုန်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
MDN
ကိုးကား - AFP