ဟောင်ကောင်ဈေးကွက်အဖွင့်မှာ အလီဘာဘာရဲ့ ရှယ်ယာဈေး ၈ % နီးပါးတက်လာ

၂၆  နိုဝင်ဘာ

တရုတ်နိုင်ငံက အွန်လိုင်းဈေးသည်ကြီး အလီဘာဘာရဲ့ ရှယ်ယာဈေးဟာ ဒီကနေ့ ဟောင်ကောင်စတော့ဈေးကွက်မှာ ၈ ရာခိုင်နှုန်းနီးပါး တက်နေတာကို တွေ့ရပါတယ်။

ဈေးကွက်အဖွင့်မှာ ရှယ်ယာတစ်ခုတန်ဖိုးဟာ  ဟောင်ကောင်ဒေါ်လာ၁၇၆ ရှိရာကနေ သုံး၊လေးမိနစ်အတွင်း ဟောင်ကောင်ဒေါ်လာ ၁၈၉.၅ အထိ တက်သွားတာကို တွေ့ရတဲ့အတွက် ၇.၆၇ ရာခိုင်နှုန်းတက်သွားကြောင်း သိရပါတယ်။ 

ဟောင်ကောင်မှာ အချိန်တော်တော်ကြာ ဆန္ဒပြပွဲတွေဖြစ်နေတဲ့အတွက် စီးပွားရေး ကျဆင်းတဲ့ဘက်ကို ရောက်ခဲ့ပေမယ့် အခုချိန်မှာ ယုံကြည်ချက်ရှိရှိနဲ့ ဈေးကွက်ကို ဖွင့်လိုက်တာဖြစ်ပါတယ်။

နယူးယောက်ဈေးကွက်မှာလည်း အလီဘာဘာဟာ ဈေးကြီးတဲ့ကုမ္ပဏီစာရင်းဝင်တာကို တွေ့ရပါတယ်။ ကုမ္ပဏီရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံအထိ မြင့်သွားနိုင်ပါတယ်။

MDN

ကိုးကား - AFP